၂၀၁၈-၁၉ အယ်လ်နီညိုအကြို ကြိုကြိုတင်တင် ဆင်ဆင်ခြင်ခြင်
၂၀၁၈-၁၉ အယ်လ်နီညိုအကြို
ကြိုကြိုတင်တင် ဆင်ဆင်ခြင်ခြင်
၂၅-၁၀-၂၀၁၈
ည(၁၀း၀၆)နာရီ
အပူချိန်မြင့်တက်ခြင်း နဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံမှုပြဿနာ
မောင်ထွန်းလွင်(မိုးလေ၀သ)
တိုးလာဦးမယ့်အပူချိန်တွေ
လေ့လာမှုတစ်ရပ်က ၂၀၁၉ မှ ၂၀၂၂ ခုနှစ်များဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံး နှစ်များဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ U.K. မှာရှိတဲ့၊ သုတေသနဗဟိုဌာနတစ်ခုဖြစ်တဲ့ Hadley Centre ကလည်း သက္ကရာဇ် ၂၁၀၀ မှာ မြန်မာနိုင်ငံရဲက ပျမ်းမျှအပူချိန်တွေဟာ လက်ရှိတန်ဖိုးတွေထက် +5°C တိုးလာလိမ့်  မယ်လို့ ခန့်မှန်းထားပြန်ပါတယ်။ ဒီတော့ အပူချိန်တွေတိုးလာရင် မြန်မာနိုင်ငံ မှာ ထိခိုက်မှုတွေ ဘာတွေရှိလာနိုင်သလည်း။

အပူချိန်တွေအလွန်မြင့်မားခဲ့တဲ့၂၀၁၅-၁၆ အယ်လ်နီညိုနှစ်တုန်းကတော့ ထိခိုက်မှုတွေအနေနဲ့  (၁) မြို့ပေါင်းများစွာ အပူချိန် စံချိန်သစ်တွေတင်ပြီး အပူလှိုင်း တွေဖြတ်ခဲ့တယ်။ (၂) ရေရှားပါး ခဲ့တယ်။ (၃) မီးလောင်မှုတွေများခဲ့တယ်။ (၄) မိုးခေါင်ခဲ့တယ်။ (၅) စိုက်ပျိုးသီးနှံ အထွက်တွေ လျော့ကျခဲ့ပြီး စားနပ်ရိက္ခာ ဖူလုံမှုကိုထိခိုက်ခဲ့တယ်။ (၆) စားသုံးကုန်ဈေးနှုန်း တွေမြင့်တက်ခဲ့ တယ်။ (၇)ကူးစက်ရောဂါ ZIKA ပိုးတွေ ပြန့်နှံ့ခဲ့တယ်။
အပူချိန်မြင့်တက်မှု နဲ့ သီးနှံဖျက်ပိုးများကျရောက်ခြင်းပြဿနာ။
ကမ္ဘာတလွှားတွင် နှစ်စဉ် စိုက်ပျိုးသီးနှံများ၏ ၁၀% မှ ၂၀ %ခန့် မှာ သီးနှံဖျက်ပိုးများ၊ သီးနှံဖျကိအကောင်ငယ်များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးနေ ရပါတယ် ။ ကမ္ဘာကြီး တဖြည်းဖြည်း ပိုမိုပူနွေးလာသည်နှင့် အမျှ အဆိုပါ ဆုံးရှုံးခံရမှုအတိုင်းအတာများမှာ ပိုမို ကြီးထွား မြင့်မားလာမှာဖြစ်ပါတယ်။
လူသားတို့၏ ကယ်လ်လိုရီ လိုအပ်မှုရဲ့ ၄၂% ကို ထုတ်ပေးနေသော စပါး၊ ဂျုံ၊ ပြောင်း စတဲ့ သီးနှံများရဲ့ ကမ္ဘာကြီပူနွေးလာမှုကြောင့် မည်မျှထိခိုက်မှုရှိနေကြရ သည်ကို သိပ္ပံပညာရှင်များက တွက်ချက်ကြည့်ခဲ့ရာ၊ အဖြေများက စိုးရိမ်စ ရာ ဖြစ်နေသည်ကို တွေ့ကြရပါတယ်။

လေ့လာမှုများအရ ကမ္ဘာကြီးရဲ့အပူချိန် 1 deg. C တိုးလာတိုင်း၊ သီးနှံဖျက်ပိုးနှ င့် သီးနှံဖျက်အကောင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ၁၀% မှ ၂၀% အထိ တိုးလာနိုင် သည်ကိုတွေ့ကြ ရပါတယ်။ ယခုရာစုနှစ်အကုန်တွင် ကမ္ဘာကြီးရဲ့အပူချိန်မှာ 2 deg C တိုးလာမည်ဟု ခန့်မှန်းထားကြပါတယ်။ အကယ်၍သ ကမ္ဘာကြီးဟာ ခန့်မှန်းထားတဲ့အတိုင်း အပူချိန် 2 deg C တိုးလာပါက သီးနှံဖျက်ပိုးမွှားအကောင်ငယ်များ၏ ဖျက်ဆီးမှုကြောင့် နှစ်စဉ် ဂျုံမက်ထရစ်တန်(၁၉)သန်း ၊ စပါးမက်ထရစ်တန် (၁၄)သန်း၊ ပြောင်းကဲ့သို့  အစေ့အဆံ သီးနှံမက်ထရစ်တန်(၁၄)သန်းခန့် ပိုမို ဖျက်ဆီးခံ ရနိုင်ကြောင်း လေ့လာမှုတစ်ရပ်တွင် ဖေါ်ပြထားပါတယ်။
အပူချိန်တွေတိုးလာရင် သီးနှံအထွက်တွေလည်းလျော့လာမယ်။
ကမ္ဘာ့အပူချိန်တိုးမြင့်လာမှုကြောင့် သီးနှံဖျက်ပိုးများတိုးပွားလာ မှုကြောင့်  သီးနှံ များ ပျက်စီးမှုပိုမိုတိုးပွားလာနိုင်သည့်နည်းတူ၊ အပူချိန်များမြင့်တက်လာမှုကြောင့် စိုက်ပျိုးသီးနှံများ ၏ အထွက်နှုန်းလျောကျမှုကြောင့်လည်း ဆံးရှုံးရမှုတိုးပွားလာနိုင်ပါတယ် ။ လေ့လာမှုတစ်ရပ်အ ရ ကမ္ဘာကြီးရဲ့အပူချိန် 1 deg C တိုးလာတိုင်း သီးနှံအထွက် ၅% လျော့ကျလာနိုင်ကြော င်း လေ့လာတွေ့ရှိရပါတယ် ။သီးနှံဖျက်ပိုးများကျရောက်မှုကြောင့် သီးနှံပျက်စီးရမှုတွင် သီးနှံအထွက်ကျဆင်းမှုကြောင့် သီးနှံပျက်စီးရမှုတွင် နောက်ထပ် ၂% မှ ၄% မျှ တိုးလာရပြန်ပါတယ်။ ဥပမာအားဖြင့် ကမ္ဘာကြီး၏အပူချိန် 2 deg C တိုးလာပါက ၁ ဟက်တာလျင် တန် ၁၀၀ အထွက်နှုန်းရှိသော လယ်သမားတစ်ဦးဟာ သီးနှံဖျက်ပိုးကြောင့် ပျက်စီးရမှု နဲ့ အထွက်လျော့ကျမှုကြောင့် ပျက်စီးရမှု နှစ်ရပ်ပေါင်းကြောင့် ၈၄ တန်သာ အထွက်နှုန်း ရရှိတော့မည့်သဘောဖြစ်ပါတယ်။
အပူချိန်တိုးလာရင် စိုက်ပျိုးပင်များရဲ့ ကြံ့ခိုင်စွမ်းရည်လည်းလျော့ကျလာမယ်။
အပူချိန်မြင့်တက်မှုကြောင့် စိုက်ပျိုးသီးနှံများအပေါ်ထိခိုက်ခံရမှုများတွင် နောက်ထပ်ကြုံတွေ့ရသော ပြဿနာတစ်ရပ် ကြုံတွေ့ရပါသေးတယ်။ အဲဒါကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ နဲ့ အပူချိန်များ မြင့်တက်လာမှုကြောင့် အချို့အပင်များရဲ့ အဟာရဓါတ်ပြည့်ဝမှုနဲ့ မိမိတို့ကို မိမိ အကာအကွယ် ပြုလုပ်နိုင်ဖို့ အဆိပ်ဓါတ်ထုတ်လုပ်မှုများလျော့နည်းကျဆင်းလာမှုကြောင့် ခံနိုင်ရည်လျော့ ပါး ကျဆင်းလာခြင်း ပင်ဖြစ်ပါတယ်။ အဆိုပါအခြေအနေမျိုးတွင် စိုက်ပျိုးသီးနှံများဟာ ပိုမိုထိခိုက်ပျက်စီးလွယ်ပြီး ဆုံးရှုံးမှုကို ပိုမြင့်မားစေပါတယ်။
အပူချိန်တိုးလာရင်သီးနှံဖျက်ပိုးနဲ့အကောင်ငယ်တွေဟာ ပိုမိုဆာလောင်လာတတ်တယ်။
အပူချိန်မြင့်တက်မှုကြောင့် နောက်ထပ်ကြုံတွေ့ရတဲ့ ပြဿနာတစ်ရပ်ကတော့ သီးနှံဖျက်ပိုးများဟာ သူတို့ရဲ့ပတ်ဝန်းကျင်ဟာ ပိုမိုပူနွေးလာလေ မိမိတို့ခန္ဒာ ကိုယ်ရဲ့ ကယ်လ်လိုရီအသုံးများလေဖြစ်ခြင်းဖြစ်ပါတယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင်ကပိုမိုပူနွေးလေ ပိုးကောင်များဟာ သီးနှံများကို ပိုစားသောက်လေဖြစ်လာခြင်းဖြစ်ပါတယ်။
အပူချိန်တိုးရင် သီးနှံများ ပျက်စီးမှုပိုများမယ်။
အပူချိန်မြင့်တက်မှုကြောင့် နောက်ထပ်မံကြုံတွေ့ရတဲံဖြစ်စဉ်ဟာ ပိုမိုရှုတ်ထွေး ပါတယ်။ သီးနှံဖျက်အကောင်များဟာ သတ်မှတ်အပူချိန်တစ်ခုမှာ ပေါက်ဖွားနှုန်းအမြင့်ဆုံးဖြစ်တတ်ပါတယ်။ မပူလွန်း၊ မအေးလွန်းသော အပူချိန်မျိုး ဖြစ်ပါတယ်။ အပူပိုင်းဒေသတွင်းရှိ ပိုးမွှားနဲ့ အကောင်ငယ်များဟာ အဆိုပါအပူချိန်မျိုးနဲ့ အသားကျနေပြီဖြစ်ပါတယ်။ သူတို့အတွက်အနေဖြင့် အပူချိန်တိုးလေ ပေါက်ပွာနှုန်းနှေး လေပင်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဆိုပါ ပိုးမွှားများအတွက် အပူချိန်တိုးမှုဟာ ပိုးမွှားနဲ့အကောင်ငယ်များ တိုးပွားလာမှုကိုပင် လျော့ပါးစေပါတယ်။ အပူပိုင်းဒေသသီးနှံဖြစ်သော စပါးစိုက်ပျိုးသီးနှံအတွက် အဆိုပါသတင်းစာ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။ သို့သော် အခြားသော စိုက်ပျိုးသီးနှံများအတွက်မူ ဆုံးရှုံးမှုဟာ အပူချိန် နဲ့လိုက်၍ တိုးလာစေနိုင်ပါတယ်။
သမပိုင်းဒေသတွင် သီးနှံဖျက်ပိုးကောင်များဟာ ပုံမှန်အနေအထားထက်ပိုအေးတဲ့ အခြေအနေတွရှင်သန်ကြပါတယ်။ အချို့သောသီးနှဖျက်ပိုးကောင်မှာ ဆောင်းရာသီကာလတွင် ဖွံ့ဖြိုးမှုနှုန်းမမြင့်မားသော်လည်း ရှင်သန်နိုင်ကြပါတယ်။ အနည်းငယ် အအေးပေါ့တဲ့ဆောင်းရာသီကာလများနှင့်ကြုံတွေ့ကြရပါက ယင်းတို့ဟာ ပိုမိုဖွံ့ဖြိုးလာရုံမက ပိုမိုလျင်မြန်စွာ မျိုးပွားလာတတ်ကြပါတယ်။ အကြောင်းကတော့ အပင်တို့ရဲ့ metabolic နှုန်းများ မြင့်မားလာကြတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အနာဂတ်ကာလတွင်အပူချိန်များ တိုးလာပါက အေးသောရာသီဥတုတွင်ပေါက်ရောက်သော ဂျုံကဲ့သို့သော စိုက်ပျိုးသီးနှံအတွက် အဆိုပါ သတင်းသည် သတင်းဆိုး တစ်ခုဖြစ်လာပေမည်။ ထို့ကြောင့် အပူချိန်မြင့်မားလာမှု ကြောင့် ဂျုံစိုက်ပျိုးတောင်သူများအနေဖြင့် သီးနှံဖျက်ပိုးများအန္တရာယ်ကို ပိုမိုကြုံတွေ့  ရမှာဖြစ်ပါတယ်။
အဆိုပါ အပူချိန်မြင့်တက်မှုကြောင့် သီးနှံဖျက်ပိုးမွှားနဲ့ အကောင်ငယ်များရဲ့ ထိခိုက်မှုကို ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှုအမြင့်မားဆုံးဒေသများမှာ အထိခိုက်အများဆုံးဖြစ်လာ စေနိုင်ပါတယ်။ အထူးသဖြင့် ပြင်သစ်၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု တို့ဟာ ထိခိုက်မှုအများဆုံးဖြစ်လာနိုင်ပါတယ်။ ထို့အတူ ပြောင်းကဲ့သို့သောစိုက်ပျိုးသီးနှံ များအထွက်လျော့ကျခြင်းဟာ အဆင်းရဲဆုံး နိုင်ငံများရဲ့ အိမ်တွင်းလုပ်ငန်းများအပေါ်ထိခိုက်မှုအများဆုံးဖြစ်လာမှာဖြစ်ပါတယ်။
သီးနှံဖျက်ပိုးများအတွက်မုဆိုး များမှာလည်း အပြောင်းအလဲရှိလာမယ်။
သိပ္ပံပညာရှင်များအနေဖြင့် အပူချိန်မြင့်တက်မှုကြောင့် သီးနှံဖျက်ပိုးများအပေါ် အကျိုးသက်ရောက်မှုသာမက အဆိုပါ သီးနှံဖျက်ပိုးများကို သားကောင်အဖြစ် ရှာဖွေစားသော က် နေသော ပင့်ကူကဲ့သို့သော မုဆိုးများအပေါ် အကျိုးသက်ရောက်မှုများကိုလည်း လေ့လာခဲ့ကြပါတယ်။တွေ့ရှိချက်အရ အပူချိန်တိုးလာမှုကြောင့် အဆိုပါ သီးနှံဖျက်ပိုးများကို ရှင်းလင်းပေးနေသော predators များအပေါ်အထောက်အကူပြုအကျိုးသက်ရောက်မှုရှိနေပြီး သီးနှံဖျက်ပိုးများပြန့်ပွားမှုကို နှောင့်နှေးသွားစေခဲ့တာကိုတွေ့ရပါတယ်။
သီးနှံဇျက်ပိုးများဟာ သူတို့ရဲ့ တစ်နေ့တာရဲ့အပူပြင်းဆုံးအချိန်ကို ရှောင်လွဲနေနိုင်ဖို့ ပြုမူဆောင်ရွက်မှုပုံစံတွေပြောင်းလဲတတ်လေ့ရှိကြပါတယ်။ ထို့အပြင် ယင်းတို့ရဲ့ အုပ်စုအဖွဲ့အစည်းတစ်ခုလုံးဟာလည်း နေရာသစ်များသို့ ပြောင်းရွှေ့တတ်ကြပါတယ်။ အထူးသဖြင့် သမပိုင်းရာသီဥတုရှိရာ မြောက်ဖက်အရပ်သို့ ပြောင်းရွှေ့နေကြသည်ကို ယခုကတည်းကပင် တွေ့နေကြရပြီဖြစ်ပါတယ်။

Comments
Post a Comment