Posts

မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ထေရုပ်ပ္ပတ္တိ နှင့် ရုပ်ကလာပ်တော်မှထူးခြားချက်များ

Image
မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ထေရုပ်ပ္ပတ္တိ နှင့် ရုပ်ကလာပ်တော်မှထူးခြားချက်များ မိုးကုတ်ဆရာတော်ကြီး ဦးဝိမလသည် မြန်မာပြည်၏ ခေတ်သစ်သမိုင်းတွင် ပေါ်ထွန်းခဲ့သော ရဟန္တာဟု နာမည်ကြီးသော ပုဂ္ဂိုလ်ထူးကြီးဖြစ်သည်။ ဆရာတော်၏ နည်းနာကို ကျင့်သုံးသည့် မိုးကုတ်ဝိပဿနာရိပ်သာများစွာ မြန်မာပြည်တွင် သာမက ကမ္ဘာအနှံ့တွင်ပါ ပြန့်နှံ့လျက်ရှိသည်။ ဆရာတော် ခန္ဓာဝန်ချသွားသော်လည်း ဆရာတော်၏ တရားတော်များမှာ စာအုပ်အနေဖြင့်လည်းကောင်း၊ တရားခွေများ အနေဖြင့်လည်းကောင်း ကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။  မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။  ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော...

ဆံပင်ဖြူများ ပြန်နက်စေဖို့ ဓာတု ဆေးဝါး ကင်းစေဖို့..

Image
ဆံပင်ဖြူများ ပြန်နက်စေဖို့ ဦးရေပြားများ ဓာတု ဆေးဝါး ကင်းစေဖို့ ၁။ ရှား​စောင်းလက်​ပတ်​ကို ပါးပါးလှီးပြီးအုန်းဆီထဲမှာ မီး​အေး​အေးနဲ့ အညို​ရောင်​ သမ်းပြီး နွမ်းသွားသည်​ အထိ​ ကြော်​။  ၂။ ပြီးလျှင်​ အဖတ်​များကို ဆယ်​ယူပြီး ကျန်​ရှိ​သော အုန်းဆီ သက်​သက်​ကို ကြက်​သွန်​နီ​ ထောင်း အရည်​ ညစ်​ပြီး ရလာသော အရည်​နဲ့​ ရောပြီး ဦးရည်​ပြားထဲ စိမ့်​ဝင်​ သွား​အောင်​ စိတ်​ရှည်​ရှည်​နဲ့ လူး​ပေး။ 3. ပြီးလျှင်​ ၁ နာရီ ၂ နာရီး​ ပေါင်း နှပ်​ထား။ 4. ပြီးလျင်​ ​ခေါင်း​လျှော်​ပစ်​။ အကျိုး​ ကျေးဇူးက​တော့ အံမခန်းဗျား။ ဆံပင်​ အဖြူ ထပ်​မထွက်​။ ဖြူ​နေ​သော ဆံပင်​ တစတစ နဲ့ အမဲ​ရောင်​သို့​ ပြောင်း။ ​ဆေးဆိုးရ သက်​သာပြီဗျို့။ Credit : Myo Thant Oo Credit : Myo Thant Oo

၂၀၁၈-၁၉ အယ်လ်နီညိုအကြို ကြိုကြိုတင်တင် ဆင်ဆင်ခြင်ခြင်

Image
၂၀၁၈-၁၉ အယ်လ်နီညိုအကြို ကြိုကြိုတင်တင် ဆင်ဆင်ခြင်ခြင် ၂၅-၁၀-၂၀၁၈ ည(၁၀း၀၆)နာရီ အပူချိန်မြင့်တက်ခြင်း နဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံမှုပြဿနာ မောင်ထွန်းလွင်(မိုးလေ၀သ) တိုးလာဦးမယ့်အပူချိန်တွေ လေ့လာမှုတစ်ရပ်က ၂၀၁၉ မှ ၂၀၂၂ ခုနှစ်များဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံး နှစ်များဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ U.K. မှာရှိတဲ့၊ သုတေသနဗဟိုဌာနတစ်ခုဖြစ်တဲ့ Hadley Centre ကလည်း သက္ကရာဇ် ၂၁၀၀ မှာ မြန်မာနိုင်ငံရဲက ပျမ်းမျှအပူချိန်တွေဟာ လက်ရှိတန်ဖိုးတွေထက် +5°C တိုးလာလိမ့်  မယ်လို့ ခန့်မှန်းထားပြန်ပါတယ်။ ဒီတော့ အပူချိန်တွေတိုးလာရင် မြန်မာနိုင်ငံ မှာ ထိခိုက်မှုတွေ ဘာတွေရှိလာနိုင်သလည်း။  အပူချိန်တွေအလွန်မြင့်မားခဲ့တဲ့၂၀၁၅-၁၆ အယ်လ်နီညိုနှစ်တုန်းကတော့ ထိခိုက်မှုတွေအနေနဲ့  (၁) မြို့ပေါင်းများစွာ အပူချိန် စံချိန်သစ်တွေတင်ပြီး အပူလှိုင်း တွေဖြတ်ခဲ့တယ်။ (၂) ရေရှားပါး ခဲ့တယ်။ (၃) မီးလောင်မှုတွေများခဲ့တယ်။ (၄) မိုးခေါင်ခဲ့တယ်။ (၅) စိုက်ပျိုးသီးနှံ အထွက်တွေ လျော့ကျခဲ့ပြီး စားနပ်ရိက္ခာ ဖူလုံမှုကိုထိခိုက်ခဲ့တယ်။ (၆) စားသုံးကုန်ဈေးနှုန်း တွေမြင့်တက်ခဲ့ တယ်။ (၇)ကူးစက်ရောဂါ ZIKA ပိုးတွေ ပြန့်နှံ့ခဲ့တယ်။ အပူချိန်မြ...

ရန်ကုန်ဆေးရုံကြီးနားမှာ သွေးမှောင်ခိုရောင်းချမှု

Image
ရန်ကုန်ဆေးရုံကြီးအနီး သွေးမှောင်ခိုရောင်းချသူ အမျိုးသား နှစ်ဦးကို ပထမဆုံး ဖမ်းဆီးမိ… ရန်ကုန်ဆေးရုံကြီးအနီး တရားမဝင် သွေးမှောင်ခို ရောင်းဝယ်နေသည့်အဖွဲ့မှ မသင်္ကာဖွယ် အမျိုးသားနှစ်ဦးကို နိုဝင်ဘာလ ၂၀ ရက်က ပထမဆုံး ဖမ်းဆီး ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။  ဩဂုတ်လမှစ၍ တိုင်းအစိုးရ၏ စီစဉ်မှုဖြင့် သွေးမှောင်ခို ရောင်းချနိုင်ခြေရှိသည့် အစိုးရပိုင် ဆေးရုံ ၁၀ ရုံကို ပုံမှန် စောင့်ကြည့်ရေးအဖွဲ့နှင့် ရွေ့လျားစောင့်ကြည့်ရေးအဖွဲ့များဖြင့် စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသားနှစ်ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ “ရန်ကုန်ဆေးရုံကြီးနားမှာ မယောင်မလည်နဲ့ လှုပ်ရှားနေတာ။ တစ်ပတ် တိတိ စောင့်ကြည့်ခဲ့တယ်။ သေချာသလောက် ရှိမှ ဖမ်းလိုက်တာ။ လှုပ်ရှားမှုကတော့ ပရဟိတအသွင်ယူပြီး လုပ်နေကြတာ။လောလောဆယ် အသေးစိတ် စစ်နေ တယ်}} ဟု တိုင်းအစိုးရအဖွဲ့အကြီးတန်း တာဝန်ရှိသူက ဆိုသည်။ လက်ရှိ သွေးမှောင်ခိုရောင်းချမှုဖြစ် စဉ်မှ ဖမ်းဆီးရမိသော အမျိုးသားနှစ်ဦးကို ပြည်သူ့ကျန်းမာရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂၇၁ “ကူးစက်တတ်သော ရောဂါကာကွယ်ရေး နည်းဥပဒေဖီဆန်ခြင်း”ြ...

ပဲပြုတ်ကြိုက်သူတွေအတွက် သတင်းကောင်း

Image
ပဲပြုတ်ကြိုက်သူတွေအတွက် သတင်းကောင်း မနက်မိုးလင်တာနဲ့ ပဲပြုတ်…ဆိုတဲ့အော်သံကြားတာနဲ့ မျက်လုံးပွင့်နေကြ။ အိပ်ယာထဖို့ နိုးစက်သံပေး သလိုပါပဲ ။ မြန်မာနိုင်ငံသားတွေအတွက် ပဲပြုတ်ကို လွယ်တကူရရှိနိုင်ပြီး မနက်စားထမင်းကို ပဲပြုတ်လေးနဲ့ စားလိုက်ခြင်းက တစ်ကယ်ကို အာဟာရပြည့်ဝစေပါတယ်။ ပဲပြုတ်ကို ထမင်းကြော် ၊နံပြား၊ အီကြာကွေး တွေနဲ့တွဲဖက်စားသုံးနိုင်သလို၊ ထမင်းဆီဆမ်း ပဲပြုတ်လေးနဲ့ဆို ကောင်းမှကောင်းပေါ့။ လူမျိုးဘာသာမရွေး စားသုံးနိုင်တဲ့ အာဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ပေါ့။ မြန်မာရိုးရာအစားစားတွေမှာလည်း မပါမဖြစ် ပဲပြုတ်ပါ နော်။ ပဲပြုတ်နှင့် မျှစ်ဆိုရင်လည်း အရသာတကယ်ရှိတဲ့ဟင်းတစ်ခွက်ပေါ့။ မိတ်ဆွေတို့နေ့တိုင်း စားနေကြ တဲ့ ပဲပြုတ်ကအာဟာရပြည့်ရုံတင်မကပါဘူး။ ကျန်းမာရေးအတွက် ဗီတာမင် နှင့် သတ္တုဓာတ်တွေ အများ ကြီးပါရှိနေပါတယ်။ နေ့စဉ်စားပေးပါက ကိုလက်စထရောအတွက်လုံးဝစိတ်ပူစရာမရှိဘဲ အာဟာရများစွာရရှိ စေမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ထိမ်းသိမ်းနေတဲ့သူတွေအနေနဲ့ ပဲပြုတ်ကိုစားပေးပါက အဆီဓာတ်မတက်ခြင်း၊ ကယ်လိုရီ ပါဝင်မှုနည်းပါခြင်းတို့ကြောင့် စားကိုစားပေးသင့်ပါတယ်နော်.။ အမျှင်ဓာတ်ပါဝင်ခြင်း ကအစာခြေစနစ်ကို ကောင်းမွန်...

ပိုက်ဆံ မသုံးသင့်တဲ့နေရာ(၅)မျိုး နှင့် ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုး

Image
ပိုက်ဆံ မသုံးသင့်တဲ့နေရာ(၅)မျိုး နှင့် ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုး ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။ ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့………… ၁။ အီလက်ထရောနစ် ပစ္စည်းများ ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။ ၂။ အိမ်အလှဆင် ပစ္စည်းများ လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြု...

သားကောင်းသားမြတ် ရစေသော ဂါထာ

Image
သားကောင်းသားမြတ် ရစေသော ဂါထာ (ပဋိသန္ဓေတည်နေစဉ် ရွတ်ဆိုရန်) ယော မေ အယံ ဘန္တေ ကု စ္ဆိတော ကုမာရကော ဝါ ကုမာရိကာ ဝါ၊ သော ဘဂဝန္တံ သရဏံ ဂစ္ဆတိ ဓမ္မဉ္စ ဘိက္ခု သံဃဉ္စ၊ ဥပါသကံ တံ ဘဂဝါ ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတံ။  (မ-၂-၃၀၀) ဘန္တေ- အရှင်ဘုရား၊ မေ-တပည့်တော်၏၊ ကု စ္ဆိတော- ဝမ်း၌တည်သော၊ ယော အယံကုမာရောဝါ- အကြင် သတို့သားသည်သော်လည်းကောင်း၊ ယာအယံကုမာရိကာဝါ- အကြင်သတို့သမီးသည်သော်လည်းကောင်း၊ အတ္ထိ-ရှိ၏။ သော -ထိုသန္ဓေသားသည်၊ဘဂဝန္တံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဓမ္မဉ္စ-တရားတော်ကိုလည်းကောင်း၊ ဘိက္ခုသံဃဉ္စ-ရဟန်းသံဃာကိုလည်းကောင်း၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆတိ-ဆည်းကပ်ပါ၏။ ဘဂဝါ-မြတ်စွာဘုရားသည်၊တံ-ထိုသန္ဓေသားကို၊ အဇ္ဇတဂ္ဂေ-ယနေ့ကိုအစပြု၍၊ ပါဏုပေတံ-အသက်ထက်ဆုံး၊သရဏံ- ကိုးကွယ်ရာဟု၊ ဂတံ-ဆည်းကပ်သော၊ဥပါသကံ- ရတနာသုံးပါး ဆည်းကပ်တတ်သူဟူ၍၊ဓာရေတု- မှတ်တော်မူပါအရှင်ဘုရား။ ( မြန်မာပြန်) မြတ်စွာဘုရား ဘုရားတပည့်တော်၏ ဝမ်း၌တည်ရှိနေသော ကလေးငယ်သည် မြတ်စွာဘုရားအား လည်းကောင်း၊ တရားတော်အားလည်းကောင်း၊ သံဃာတော်အားလည်းကောင်း၊ ကိုးကွယ်ရာအစစ်ဟူ၍ ဆည်းကပ်ပါ၏ဘုရား။ ထိုသန္ဓေသားအား ယနေ့မှစပြီး အသက်ထက်ဆုံး သရဏဂုံတ...