မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ထေရုပ်ပ္ပတ္တိ နှင့် ရုပ်ကလာပ်တော်မှထူးခြားချက်များ
မိုးကုတ်ဆရာတော်ဘုရားကြီး ၏ ထေရုပ်ပ္ပတ္တိ နှင့် ရုပ်ကလာပ်တော်မှထူးခြားချက်များ မိုးကုတ်ဆရာတော်ကြီး ဦးဝိမလသည် မြန်မာပြည်၏ ခေတ်သစ်သမိုင်းတွင် ပေါ်ထွန်းခဲ့သော ရဟန္တာဟု နာမည်ကြီးသော ပုဂ္ဂိုလ်ထူးကြီးဖြစ်သည်။ ဆရာတော်၏ နည်းနာကို ကျင့်သုံးသည့် မိုးကုတ်ဝိပဿနာရိပ်သာများစွာ မြန်မာပြည်တွင် သာမက ကမ္ဘာအနှံ့တွင်ပါ ပြန့်နှံ့လျက်ရှိသည်။ ဆရာတော် ခန္ဓာဝန်ချသွားသော်လည်း ဆရာတော်၏ တရားတော်များမှာ စာအုပ်အနေဖြင့်လည်းကောင်း၊ တရားခွေများ အနေဖြင့်လည်းကောင်း ကျယ်ပြန့်စွာ လူအများ နာကြားနေကြဆဲဖြစ်သည်။  မိုးကုတ်ဆရာတော်ဘုရားလောင်းလျာအား မြန်မာသက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော်(၁၁) ရက်၊ ဗုဒ္ဓဟူးနေ့တွင် ခမည်းတော် ဦးအောင်ထွန်း နှင့် မယ်တော် ဒေါ်ရွှေအိတ်တို့မှ မြစ်ငယ်မြစ်ခေါ် ဒုဋ္ဌဝတီမြစ်၏ တစ်ဖက်ကမ်းရှိ ဥယျာဉ်တော်ရွာတွင် ဖွားမြင်တော်မူသည်။ ငယ်နာမည် မောင်လှဘော်ဟု ခေါ်တွင်သည်။ အသက် (၉)နှစ်သား အရွယ်တွင် ဥယျာဉ်တောရွာရှိ ဂွေးပင်တောရကျောင်းဆရာတော် ဦးဇာဂရထံ၌ ရှင်သာမဏေအဖြစ် ရောက်ရှိခဲ့ပြီး ရှင်ဝိမလ ဟု ဘွဲ့မည်တွင်သည်။  ရှင်ဝိမလ သက်တော်(၂၀) ပြည့်သောအခါ ၁၂၈၁-ခုနှစ်၊ ဝါဆိုလဆန်း (၈)ရက်နေ့တွင် အမရပူရရှိ မင်္ဂလာတိုက် ဆရာတော...